Sunday, April 24, 2011

တန်ဖိုး

ဟောင်း
သစ်.....နောက်ကွယ်ခြေရာတွေ
လွမ်း
ငွေ့....သတ်သတ်မဲ့ သတ်ပုံတွေ
ဘာပဲပြောပြော
အသစ်ဆိုတဲ့ နေရာမှာ အဟောင်း
အလွမ်းငွေ့တွေ freezing

စကားလုံးတွေနဲ့ ချဖို့ကို
မချရသေးတဲ့ ငါစကားလုံးတွေက
သူ့ကိုသူ နှမြောတယ်......
အများယူသုံးသွားမှာထက်
တန်ဖိုးဖြတ်ခံလိုက်ရမှာ

စကားလုံး အသစ်တွေ
ရှာဖွေမတွေ့ ခင်ချိန်အထိ
ရင်ထဲက တန်ဖိုးတွေက
ကြာလေမြင့်လေပဲ

ယာယီ ရင်ခုန်သံမှာ ထိုးတဲ့ တဲပျဉ်
အချိန်တန်ရင် တိုက်တွေ အစားထိုးသွားရော

ငါ့ကို အစားမထိုးပါနဲ့
ငါ့နေရာမှာ အစားထိုးပါ
နင့်နေရာမှာ ငါအစားမထိုးဘူး
နင့်ကိုလည်း ငါအစားမထိုးဘူး