Saturday, November 26, 2011

ကျွန်တော်မသိသေးသော အကြောင်းများ

အပိုင်း ( ၁ )

ကျွန်တော်ဟာ ဘ၀မှာ ချမ်းသာကြွယ်ဝခြင်းနဲ့ တိုက်ရိုက်အချိုးမကြချင်ဘူး ဆင်းရဲ မွဲတေခြင်းနဲ့လည်း အချိုးတိုက်ရိုက် မကြချင်ဘူ။ ကျွန်တော်ဟာ လူဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ လူ့ကျင့်ဝဋ်တွေနဲ့ တိုက်ရိုက်ကျချင်ခဲ့တယ် အဲ့ကျင့်ဝဋ်တွေ ဆိုတာတွေက လည်း သဘာဝအတိုင်းဒါမှမဟုတ် လူသားတစ်ယောက်မှာ ပထမအစရှိနေသင့်တဲ့ စိတ်ပိုင်းဆိုရာ စာရိတ္တပိုင်းဆိုင်ရာ ဖြူစင်မှုတွေပဲ။ ကျွန်တော် ဟာကိုယ့်ကိုယ်ကျင့်တရား နဲ့တိုက်ရိုက်ကျခြင်ခဲ့ရုံလေးပါ။ တကယ်ပါ ကျွန်တော်လေ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ယဉ်ခဲ့ ဘူးတယ်။ ကျွန်တော် တိုက်နဲ့ခြံနဲ့ကိုယ်ပိုင်ကား ဆိုတဲ့ပိုင်ဆိုင်ခြင်း တွေနဲ့ဘ၀ကို ရည်မှန်းချက်မထားတတ်ခဲ့ဘူး။

ကိုယ့်အတွက် အဆင်ပြေမယ့် ကျောချစာတစ်နေရာကို တိုက်ခန်းလေးထဲမှာပဲဖြစ်ဖြစ်၊ လပေးငှားနေဖို့ဖြစ် နိုင်တဲ့အင်အား လောက်နဲ့ စားဖို့သောက်ဖို့အတွက် အာဟာရဖြစ်စေနိုင်လောက်တဲ့ အစားသောက်လေးကို နပ်မှန် အောင်စားနေနိုင်ဖို့ပဲ။

အဓိက ကျွန်တော့်ရည်ရွယ်ချက်က ဘ၀ကို အဓိပ္ပာယ်ရှိရှိနေနိုင်ရုံလေးပဲ…ချမ်းသာမှ အဓိပ္ပာယ်ရှိတာမဟုတ်ပါဘူး။ အဲ ဆင်းရဲမှ အဓိပ္ပာယ်ရှိရမယ်လို့လည်း မဆိုလိုပါဘူး။ ကိုယ်ဖြစ်တည်နေတဲ့ဘ၀မှာ ရောင့်ရဲခြင်းနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ကျေနပ်တဲ့ အတိုင်းတာတစ်ခုနဲ့ပဲဖြစ်ဖြစ် အဓိပ္ပာယ်ရှိအောင်ပါပဲ။

ရင်ခုန်သံတစ်ခုအနေနဲ့ပေါ့။ ဘယ်လိုပြောရမလဲ…လူတစ်ယောက်ပေါ့။ အဲ့လူတစ်ယောက်က လောကကြီးထဲမှာ နောက်ထပ် နှစ်အနည်းငယ်သာ နေရတော့မယ့် ရောဂါဝေဒနာသည် တစ်ယောက်ပေါ့။ HIV positive နဲ့ပဲဖြစ်ဖြစ် ကင်ဆာတစ်ခုခုနဲ့ပဲဖြစ်ဖြစ်ပေါ့။ အဲ့လိုလူမမာတစ်ယောက်မျိုးမှာ ခံယူထားတဲ့ အရှုံးမပေးတတ်တဲ့စိတ်၊ ဘ၀ကို အဓိပ္ပာယ်ရှိရှိနဲ့ဆက်နေထိုင်သွားမယ့် စိတ်၊ သူ့အတွက် အနာဂတ်မှာ ထွန်းလင်းတောက်ပအောင် ကြီးကြီးမားမား ပန်းတိုင်တွေလည်း မရှိ၊ တစ်မိနစ်ပဲဖြစ်ဖြစ် ရှင်သန်ရမယ့် အချိန်မှာ အကောင်း ဆုံး၊ စိတ်အကျေနပ်ဆုံးနဲ့ နောက်မိနစ်တွေအတွက် အဓိပ္ပာယ်လေးတွေ ဖန်တီးနိုင်ရုံလောက်ပါပဲ။ ပြီးတော့ အပေါ့ပါးဆုံး စိတ်ထားရှိရ မယ်။ လောဘလည်းမရှိဘူး၊ ဒေါသတွေလည်း အရှင်းဆုံးကင်းစင်ထားတယ်၊ အရာအားလုံးကိုနားလည် သဘောပေါက်ထားတဲ့ စိတ်၊ အဲ့လိုမျိုးစိတ်ကူးစိတ်သန်းမျိုး လောက်လေးနဲ့ဘ၀ကို ပုံဖော်ဖြတ်သန်းရုံလောက်ပါပဲ။

တစ်ခါတစ်လေ စဉ်းစားမိတယ် ကိုယ်ကိုယ်တိုင်သာ ရောဂါဝေဒနာသည်သာ ဖြစ်လိုက်ပါတော့လို့။ တကယ်တော့ ပြန်စဉ်းစားပြီး တော်တော်ဟာသဆန်သား၊ တချို့အရာတွေက စိတ်ကူးယဉ်လောက်ပဲကောင်းပါတယ်။ စိတ်ကူးဆိုတာ အလကား ယဉ်ရတာမှန်ပေမယ့် လက်တွေ့ဆန်သွားတဲ့အခါ ကိုယ့်ဘက်က အရင်းကြီးကြီးပေးလိုက်ရတာ မျိုးတွေ အများကြီးပါ။ ကိုယ့်ကိုယ်ပိုင် အတွက်တော့ စိတ်ကူးတချို့စာလောက်ကိုပဲ လက်တွေ့ ဖြစ်စေချင်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်ကူးနဲ့လက်တွေဆိုတာ တိုက်ရိုက်အချိုးကျ လာတဲ့အခါ ထိန်းချုပ်မှုအပြင်ကို တစ်ခါတစ်လေမှာ ရောက်သွားတတ် တယ်မဟုတ်လား။ ကိုယ်အသုံးမကျလို့ပဲလို့ ပြောလို့မရသလိုပဲ လောကကြီးဆိုတာ အစီစဉ်တကျဖြစ်ချင်ဖြစ်မယ်။ ဖြစ်ချင်သလိုလဲဖြစ်ချင်ဖြစ်နေတာပဲ။ အဲ့တော့ တချို့အပိုင်းတွေမှာ ကိုယ့်အဖြစ် တွေက ဖြစ်ချင်သလိုဖြစ်သွားတဲ့အထဲ ပါသွားတတ်တယ်။

ကျွန်တော် ကြုံလာခဲ့သမျှတွေထဲမှာတော့ ဘယ်အရာမှ အတည်တကျမရှိတာတွေများပါတယ်။ ဥပမာ မင်းငါ့ကို မြင်တဲ့ဘက်မှာ အဆိုးပါချင်ပါနေပေမယ့် မင်းမမြင်ရတဲ့ တခြားတဖက်မှာ ငါကကောင်းချင်ကောင်း နေနိုင်တယ်လေ။ တကယ်ဆို ဒီတစ်ခေါက် နေ၀င်တာနည်းနည်းစောလွန်းနေသလိုပဲ။ ငါတို့ချစ်ခြင်း စောစောအိပ်တန်းဝင်လိုက်ရတယ်။ အဲ့လိုပဲပေါ့ တွေ့ဆုံမှုတွေ ရှိလာတဲ့အခါ ခွဲခွာခြင်းတွေနဲ့လည်း ဇာတ်သိမ်းပေးကြရတာပဲ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ အတည်တကျမရှိတာမဟုတ်တော့ဘူး။ ဘယ်အရာမှ တသတ်မှတ်တည်းမရှိတာဖြစ်သွားတယ်။ အရာတိုင်းက ဆန့်ကျင်ဖက်တွေရှိကျတာကြီးပါပဲ။ ဒါကနိယာမတစ်ခု မဟုတ် ပါဘူး။ သဘာဝပါလေ။ တွေးခေါ်ပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့၊ သတ်မှတ်ခဲ့ကြတဲ့ နိယာမတချို့တွေထဲမှာ အရင်ကတည်းကရှိနေတဲ့ သဘာဝတွေလည်း ပါပါတယ်။

တစ်ခါတရံ သေချာစဉ်းစားကြည့်ပါ တချို့သတ်မှတ်ထားတဲ့ ပညတ်တွေထဲကနေ ခွဲထွက်ပြီး သီးသန့်လေး အားထုတ် ကြည့်ပါ။ ဖြစ်နိုင်တာတွေလည်း အများကြီးပါ။ ဥပမာ ကိုယ့်စိတ်အေးချမ်းအောင် ဘုရားရိပ်တရားရိပ် ခိုနားပြီး အားထုတ်မှ အေးချမ်းနိုင် တယ်ဆိုတာမျိုးပေါ့။ တကယ်ဆို ကိုယ်ကဘာသာတရားမရှိတဲ့လူဆိုပါစို့။ အဲ့လိုနည်းလမ်းမျိုးက ဘာသာတရားမကိုင်းရှိုင်းပဲနဲ့ စိတ်ကို တည်ငြိမ်အောင် ကျင့်ကြံအားထုတ်လို့ရနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း မဟုတ်တာမလုပ်ဘူး။ သူတပါးကိုလည်း ထိခိုက်နစ်နာ စေတာမဟုတ်ပဲနဲ့ပေါ့။ ရိုးရိုးသားသား ကျင့်ကြံရင်ဖြစ်နိုင်တာပါပဲ။ ဒီလိုချရေးပြလို့ ဘာသာတရားကိုင်းရှိုင်းသူတွေနဲ့ ဘာသာရေး အဖွဲ့စည်းတွေကို ထိခိုက်မိမယ်ဆိုရင်တော့ ဒီနေရာကပဲ ကျွန်တော်တောင်းပန်လိုက်ပါတယ်။ မပူပါနဲ့ဗျာ အရာရာတိုင်းလိုလို တုံ့ပြန် သတ်ရောက်မှုတွေရှိပါတယ်။ ကျွန်တော်သူများကို ထိခိုက်အောင်လုပ်မိရင် ကျွန်တော်သေချာပေါက်ပြန် ပေးဆပ်ရမှာပါပဲ။

သူများတွေရဲ့ခေါင်းဆောင်ဖြစ်ချင်ရင် အဲ့သူများတွေနဲ့ပက်သတ်တဲ့ ကိစတွေမှာလည်းကိုယ်က ခေါင်းရှုပ်ခံရတတ် ပါတယ်။ အဲ ကိုယ့်တစ်ယောက်တည်းအတွက် ကိုယ်ကခေါင်းဆောင်ဖြစ်ချင်ရင်တော့ ကိုယ်နဲ့ပတ်သတ်တာဖြစ်လာ သမျှကိုယ်ကိုယ်တိုင်ကပဲ ပေးဆပ်ရပါတယ်။

တစ်ခါတစ်လေ ကျွန်တော်တို့တွေမှာ အကျင့်ဆိုးတစ်ခုရှိပါတယ်။ အဲ့ဒါက ကျွန်တော်တို့တွေမေ့နေတာတွေ တော်တော် များများပေါ့။ မသိတာတော့မဟုတ်ဘူး။ သိတယ်..အဲ ဒါပေမယ့် သတိမထားမိတာတို့ မေ့နေတတ်တာတို့ပေါ့။ အဲ့လိုချိန်တွေမှာ တချို့ စာရေးဆရာတွေ ကပဲဖြစ်ဖြစ် ရေးသားတဲ့လူတစ်ယောက်ယောက်ကပဲ ဖြစ်ဖြစ် ချရေးပြလိုက်ရင်။ ဟင်း…ဒါတွေသူပြောမှလား ငါတို့ လည်းသိတာပဲဆိုတာမျိုးတွေပေါ့။ ကျွန်တော်ခဏခဏ တွေ့ရပါတယ်။ ဟိုနေ့ကပဲ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်ဖတ်နေတဲ့ စာအုပ်လေးထဲက စာကြောင်းအချို့ရွက် ပြလိုက်တော့ သူကပြောပါတယ်။ ဒါများသူရေးမှလားကွ ငါတို့လည်းသိတာပဲလို့ပြောပါတယ်။ ဟုတ်ပါတယ် ကျွန်တော် တို့တွေ သိကျတာတွေ ပတ်ဝန်းကျင်မှာများပါတယ်၊ လူ့အဖြစ်ပျက်တွေ လူ့ဘောင်တွေထဲမှာလည်းများ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသိဥာဏ်နဲ့ဆုံးဖြတ်ချက်တွေက အရေးကြုံလာတဲ့အခါ အလုပ်မလုပ်ကျတော့တာတွေလည်း အများကြီးပါ။ အဲ့ဒါကြောင့်တချို့စာရေးသူတွေက အကြောင်းတခုတည်းကို ထပ်တလဲလဲပဲဖြစ်ဖြစ် ရှဲဒိုးရေးနည်းနဲ့ပဲ ဖြစ်ဖြစ် ရှဲဒိုး ရေးနည်းနဲ့ပဲဖြစ်ဖြစ် ပြန်ပြန်ရေးပြီး လူတွေအမြဲသတိရှိနေတတ်အောင် ပညာပေးနေကြတာပါ။ ဒါပေမယ့် လူတွေကခက်သား ကိုယ်သိပြီးသားကို တခြားတစ်ယောက်လာပြောရင် အဲ့ဒါဘာဖြစ်လည်း ငါသိပြီးသားဆိုတဲ့ အိုင်တင်မျိုးသိပ်လုပ်ချင်ကြပါတယ်။ တကယ်တန်းအရေးကြုံလာတဲ့အခါကျရင်တော့ တစ်ယောက်ယောက်ကိုဖြစ်ဖြစ် တစ်ခုခုကိုယ်ဖြစ်ဖြစ် အားကိုးရှာချင်ကြသေးတယ်။

နောက်ထပ်တစ်ခုအနေနဲ့ထပ်ပြောချင်ပါသေးတယ် အဲ့ဒါကတော့ တသက်မှတ်နဲ့ဆန့်ကျင်ဘက်ပါ။ ကျွန်တော်တို့ဝန်းကျင်နဲ့တခြားသူတွေရဲ့ ၀န်းကျင်တွေမှာပဲဆိုဆို၊ လောကဆိုတဲ့ခေါင်းစဉ်အောက်မှာပဲဆိုဆို၊ ဘယ်နေရာ မှာပဲဆိုဆိုပေါ့ဗျာ။ တော်တော်များများကမဟုတ်ဘူးလို့လဲ ပြောလို့မရဘူး အနည်းကျည်းလို့လဲ ပြောလို့မရတဲ့ အနေထားတစ်ခုပေါ်မှာ စိုကြပါစို့။ ခေါင်းနည်းနည်းရှုပ်သွားတယ်ထင်တယ်။ ဒီလိုပါ တစ်ချို့အကြောင်းအရာ အချည်းအရာတွေကို လူတွေကတသတ်မှတ် အမြင်နဲ့ပဲပိုင်းခြားကြတာတာတွေ တွေ့ကြရမှာပေါ့။ ဥပမာဗျ- “အာ..ဒီအရာကဘယ်တော့မှ ပြောင်းလဲလို့ရမယ့်အရာမှမဟုတ်တာ၊ တချို့ကလည်း ဘယ်တော့မှလည်းပြောင်းလည်းလို့မဖြစ်နိုင်ပါဘူးဆိုတာမျိုးတွေကို လူတွေကလုံးဝမဖြစ်နိုင်တော့ဘူးလို့ပဲ တစ်ထစ်ချ ယူဆလိုက်ကြတာများတယ်။ အဓိကကတော့ opposite သဘောတရားနဲ့ အနည်းအများကိုနားမလည်ကြတာပါ။ ရှင်းရှင်းပြောရရင် မေ့နေတတ်တာပါ။ ရှိပါတယ် တချို့တချို့သော လူတွေက ဖြစ်နိုင်တာရှိသလို မဖြစ်နိုင်တာလည်းရှိတာပဲလို့ ပြောတဲ့သူတွေလည်း တပုံကြီးပါ။ အဲ့ဒါကတော့သူတို့ဟာ စဉ်စားတွေးခေါ်ပြီးမှ ပြောတတ်တဲ့ အပိုင်းထဲမှာပါသွားပြီလေ။ နဲနဲတော့ အတွေးခေါ်ဆန်ဆန် လေးနက်တယ်ဆိုပါတော့။ အဲခပ်တုံးတုံးနဲ့ ဘာမှခေါင်းရှုပ်မခံပဲ အေးအေးဆေးဆေးမွေးဖွားလာပြီး အေးအေးဆေးဆး ချုပ်ငြိမ်းသွားတဲ့ လူတွေကတော့ ရှိရင်းစွဲ စကားလုံးတွေ နိယာမတွေ အတွေးခေါ်တွေဟောင်းတွေ ရိုးရာအဟောင်းတွေနဲ့ပဲ သုံးစွဲပြီးပြန်သွားကြတာပါပဲ။

လောကထဲရောက်လာတယ်..ရှေ့မှာချန်ထားသွားကျတဲ့ စကားလုံးတွေ(ဒီနေရာမှာ စကားလုံးလို့ပဲအလွယ် သုံးလိုက် ပါတယ် ပြောချင်တာကတော့ တော်တော်များများပေါ့) ကိုသိသိမသိသိ၊ မှန်မမှန်၊ ချို့ယွင်းချက်ကလေးတွေကိုလည်းရှိရှိမရှိ ဘာမှမသိသလို စိတ်လည်းမ၀င်စားဘူး၊ ဂရုလည်းမစိုက်ကြပါဘူး။ အေးဆေးပေါ့ပါးစွာပဲ နေ၀င်ကုန်ကျတယ်။ ကောင်းပါတယ် …. ဒါလည်း သူ့ရှင်သန်မှုနဲ့သူပေါ့။ အဓိကဆိုလိုရင်းကို ပြောချင်တာကတော့ နိယာမတို့၊ အဖြစ်ပျက်တို့၊ အကြောင်းရာတို့၊ ခံစားမှုတို့၊ အများအားဖြင့် မျက်လုံးအမြင်နဲ့ မမြင်ရတဲ့ အရာတော်တော်များများမှာပေါ့ဗျာ (တချို့ emotion တွေမှာလည်းပါတာပေါ့) ဆန့်ကျင်ဘက် သဘော တရားလေးတွေရှိတယ်။ အဲ တစ်ခုပဲ မီးများမီးနိုင်ရေများရေနိုင်ဆိုသလို အနည်းအများနဲ့ကွာပြီး သာတဲ့ဘက်က တရားဝင် ဖြစ်သွားတာမျိုးပေါ့။ ဥပမာ-ကိုယ်ကောင်းတာလုပ်ရင် ကိုယ်လည်းပြန်ကောင်းမယ်ဆိုတာမျိုးပေါ့။ ကိုယ်ကကောင်းတာလုပ်ပြီး ပြန်ကောင်းခွင့် မရာတာတွေမရှိဘူးထင်သလား။ ရှိပါတယ်လောကမှာ တပုံကြီးရှိတယ်။ အဲ ကျွန်တော်စောစောကပြောသလိုပေါ့ဗျာ ရေကများတော့ အားလုံးက မဲများတဲ့ဘက်ကနေတရားဝင်သတ်မှတ်ပစ်လိုက် ကျတယ်။ အဲ့တော့ အားနည်းတဲ့ဘက်က ချို့ယွင်းချက်က နဲနဲတိမ်မြုပ်သွားတယ်။ အဲ့တော့ တော်တော်များများလူတွေက တရားဝင်ဘက်ကိုပဲ (ဥပဒေ သဘောတရားလည်းဆန်ချင်ဆန်မှာပေါ့ဗျာ ဥပဒေဆိုတာလည်း လူကသတ်မှတ်ထားတာပဲ) တစ်ခါတစ်လိုအပ်ရင် အများပြောနေကျတဲ့ ထပ်တလဲလဲတွေကို ပါးစပ်ဖျားမှာ ချိတ်မယ် ကိုယ်ကောင်းရင် သူလည်းကောင်းမှာပဲဆိုပြီး ပြီးစလွယ်ပြောကြ လုပ်ဆောင်ကြတယ်။

တကယ်တော့ ဘယ်အရာမှ တသတ်မှတ်မရှိတာကို မသိတာမဟုတ်ပါဘူး။ မေ့နေကျတာပါ။ အဲ့မေ့နေတာကိုက မသိခြင်းထဲမှာ ကိုယ့်ကိုကိုယ် မသိတဲ့ရေတွေချိုး မသိတဲ့ထမင်းတွေစားပြီး မသိတဲ့ဘ၀ခေါင်းစဉ်တပ်ပြီး ပေါ့ပါးတယ်ဆိုတဲ့ ဘ၀ အမည်ခံပြီး ငါဟာလွတ်လပ်စွာနေချင်တယ်ကွာဆိုပြီး မသိသလိုနဲ့ပဲ ကွယ်လွန်သွားကျတဲ့ လူတွေပေါ့။ ဘယ်အရာမှာ တသတ်မှတ် မရှိသလို ချို့ယွင်းချက်ဆိုတာလည်း အရာအရာတိုင်းမှာ သူ့ဟာနဲ့သူတစ်ခုဆီတော့ ချို့ယွင်းချက်ရှိနေတာပါပဲ။ ဥပမာထပ်ပေးရရင် အချိန်ကိုနောက်ပြန်ဆွဲလို့မရဘူးဆိုတာမျိုးပေါ့။ စာဖတ်သူကတော့ကျွန်တော့်ကို ဘယ်လိုထင်မလဲလို့ မမေးတော့ဘူး။ ဟုတ်တယ်လေ ဘယ်လိုဆွဲလို့ရမှာလည်းလို့ ခပ်ပေါပေါနဲ့ချက်ချင်းဆုံးဖြတ်တတ်သလို တချို့ကျတော့လည်း စိတ်ဝင်းစား စရာတော့ကောင်းသား ဆိုပြီးဆက်ဖတ်နေမှာပဲ။ ဟုတ်တယ်မလား? အဲကျွန်တော်ဥပမာမပေးခင် မေးခွန်းတစ်ခုလောက်မေးချင်တယ်။ အချိန်ဆိုတာကိုပေါ့ လူတွေက ဘယ်လိုသတ်မှတ်ထားတာလည်း၊ နာရီနဲ့လား၊ ပြက္ခဒိန်နဲ့လား၊ ဒါမှမဟုတ် နေ၀င်နေထွက်ခြင်းနဲ့လား၊ ထားပါတော့ မေးခွန်းက ကိုးလို့ကန့်လန့်ဖြစ်နေမယ်ဆိုတာ။ ဖြေမနေပါနဲ့တော့ ဘာလို့လဲ ဆိုတော့ ကျွန်တော်ပေးမယ့်ဥပမာကလည်း အဲ့လို ဘာမှန်းမသိတဲ့ ဥပမာလိုဖြစ်နေမှာ စိုးလို့ပါ။

ကဲပါ ဥပမာဗျာ- ချမ်းသားတဲ့သူဌေကြီးတစ်ယောက်ရှိတယ်ဆိုပါစို့။ သူကအရှေ့နိုင်ငံမှာနေတယ် Australia မှာပဲစိုကြပါစို့။ အဲသူကဗေဒင်ကို ယုံကြည်တယ်ပြီးတော့ ယတ္တရာချေတာလည်း အမြဲလုပ်တဲ့သူပေါ့။ အဲဖြစ်ချင်တော့ သူ့ကို ဗေဒင်ဆရာက မနက်ဖြန် နေ့လည် ၁၂း၀၀ နာရီတိတိမှာ သူပြောတဲ့အတိုင်း ဗေဒင်ကိုချေရမယ်ပြောလိုက်တယ်။ ဒါပဲပြောတယ်ကျန်တာမပြောဘူး။ အဲသူဌေးကြီး လည်း အဲ့သူကိုးကွယ်တဲ့ဗေဒင်ဆရာ ပြောသလိုလုပ်တယ်ပေါ့။ ခက်တာကသူကံဆိုးသွားတယ်။ ၁၂း၀၀ တိတိမှာ သူမလုပ်လိုက်နိုင်ဘူး။ ၅ မိနစ်လောက်နောက်ကျသွားတယ်။ ကဲခင်ဗျားတို့သူ့နေရာမှာဆိုဘာလုပ်မလည်း။ တစ်ခုရှိတယ်လေ သူ့ကိုဗေဒင်ဆရာက ၁၂း၀၀ တိတိမှာလို့ပဲပြော လိုက်တာ ဘယ်နေရာ ဘယ်ဒေသမှာလို့မှမပါတာ။ ဟုတ်တယ်ဟုတ် အဲ့တော့ သူကကိုယ်ပိုင် လေယာဉ်နဲ့ အနောက် နိုင်ငံကို ချက်ချင်းလစ်လိုက်မယ်ဗျာ။ ဘာလို့လည်းဆိုတော့ အရှေ့နိုင်ငံမှာက နာရီအနဲငယ်မြန်နေတယ်မဟုတ်လား? သူ ၁၂း၀၀ ကိုမှီနိုင်မယ့် နိုင်ငံတစ်နိုင်ငံမှာဆင်းပြီး သူ့ယတ္တရာကိုခြေလို့မရနိုင်ပေဘူးလား။ အဲ့တော့ အဲ့နေရာမှာ အချိန်ဆိုတာ ဘာနဲ့သတ်မှတ်ထား သလည်းဆိုတဲ့ အဖြေဟာရှာရခက်သွားပြီ။ တကယ်ပါ ကျွန်တော်လည်း ဘာနဲ့အတိကျသတ်မှတ်ထားသလည်းဆိုတာ ခုထိစဉ်းစား လို့မရသေးသလို ထပ်လည်းမစဉ်းစားတော့ပါဘူး။ ကျွန်တော်ဟာ ထိန်းချုပ်မှုတွေရဲ့အပြင်ဖက်မှာနေတဲ့သူတစ်ယောက်ပါ။ လွတ်လပ် ချင်တယ်။ ဒါပေမယ့် အသိစိတ်တွေ လွတ်သွားတဲ့လွတ်လပ်မှုမျိုးတော့ဘယ်ဟုတ်မလည်း။ ကျွန်တော် အရှုးထောင်ထဲက အရုးမှမဟုတ် တာ။ အရှုးဆိုတာလည်း နှစ်မျိုးပဲရှိပါတယ်။ ထောင်ထဲကအရှုးနဲ့ ထောင်ပြင်ကအရှုးပါ။ ဒါပေမယ့် အဲ့အရှုးက သက်ရှိတစ်ခုတည်းက ဆင်းသက်လာတာပါပဲ။ ဟုတ်တယ်ဟုတ်။




ဆက်လက်ရေးဖို့ကျန်နေပါသေးတယ်
( မင်းနွေဦး )

Monday, November 14, 2011

အဖြူထည်

ဖြောင့်ဖြူးမယ်ထင်တဲ့လမ်းပေါ်မှာ
နွားလှည်းလမ်းကြောင်းလို အစင်းနှစ်ကြောင်းနဲ့
ငါဟာ အနုပညာဆန်ဆန် အစင်းရာတွေနဲ့ပေါ့

လက်ပံပွင့်တွေကို အဆုပ်လိုက်ပွင့်ခိုင်းဖို့
တစ်နွေရာသီစာလေးပဲလိုတော့တယ်
ဒါပေမယ့် ငါ့အိပ်တန်းပေါ်မှာ
ဆောင်းတစ်ဝက်မိုးတစ်ဝက် ကောင်မလေးက
ခြောက်ကပ်ကပ်အပြုံးနဲ့

ငါ့စိတ်ကို တစ်ထွာစလေးပဲရှေ့ဆက်ပြေးခွင့်ပြုပါ
ငါဆိုတဲ့ကောင်က အချစ်နဲ့ပတ်သက်တဲ့ သင်္ကေတ
လက်သည်းတစ်ခွံစာလောက် အရိပ်လေးပဲရရင်တောင်
ပိတောက်တွေနဲ့ ၀ါထိန်နေတဲ့ နွေရာသီပါ

မသိုးမသန့်နဲ့ ချောင်းနဘေးမှာ
ဖြူဖြူစင်စင်အမြစ်တွယ်ရင်း
ငါထိုင်စောင့်ခဲ့ပါတယ်
ပင်ဆီဖြစ်ခဲ့တယ်.....
အကိုင်းတွေထွက်ခဲ့တယ်....
အရွက်တွေဖြာခဲ့တယ်.....
ဒါပေမယ့် ပန်းတွေဝေဖို့ လက်တစ်ထွာစာပဲလိုတော့တယ်

ငါ့နေ့တစ်ဝက်ကိုပိုင်တဲ့ သချာင်္ရောင်ကောင်မလေး
နေတစ်ခြမ်းတောင်ဝင်တော့မယ်...
ဒီတစ်နွေကိုလည်း
အဖြူရောင်ဆန်ဆန်သံယောဇဉ်က
ခမ်းနေတဲ့စမ်းချောင်းနဲ့အတူ
ခြောက်ကပ်ကပ်ကုန်ဆုံးဦးမှာလား

( မင်းနွေဦး )