Sunday, January 8, 2012

ပျောက်ဆုံးနေသော

ခပ်စောစောပိုင်းက အေးမြခဲ့တဲ့
ခေါင်မိုးပေါ်က နှင်းစက်အချို့ဟာ
ခုထိအိပ်ရာမထကျသေးဘူး။
လင်းအာရုံမှာ ကျွန်တော် ငှက်ကလေးတွေရဲ့
အသံကို နားစွင့်ရင်း ကောင်းကင်ပေါ်မော့ကြည့်
မိန်းမတစ်ယောက်မျက်နှာကို ဘာမဆိုင်ညာမဆိုင်
ရူးမိုက်စွာ ပုံဖော်ခဲ့ဘူးတယ်။
တိမ်စိုင်တိမ်ခဲ အပိုင်းစတချို့က
တစ်နေ့တာ ရွေ့လျားဖို့အတွက် နေရာယူနေတုန်းပေါ့။
မကြည်မလင်မှုတွေနဲ့ နံနက်ခင်းကိုကြိုဆိုရင်း
အိပ်ရေးပျက်မှုတွေနဲ့ အိပ်ရာဝင်နေဆဲပါ။
နေ၀င်ချိန်တွေမှာ နိုးထခဲ့ရပြီး လူတွေ လူတွေ…..
ငေးဖြစ်နေကျတဲ့ နေမင်းကြီးကို ကျောခိုင်းနေခဲ့ရတာလည်း ကြာပြီ။
နေ့နဲ့ညမှားယွင်းနေပေမယ့် လူဆိုတာလူပါပဲ။
ဟုတ်ကဲ့ ကျွန်တော်လည်း ခြေထောက်နှစ်ချောင်းနဲ့ပါ
တစ်ချောင်းထဲဆို ကျွန်တော် လု ဖြစ်သွားမှာပေါ့။
ဒါပေမယ့် ဆုံးရှုံးနေဆဲဖြစ်တဲ့
သာယာတဲ့ နံနက်ခင်းတွေရယ်
သိပ်လှတဲ့ ညနေခင်းတွေရယ်ကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင်
သိပ်လှတဲ့ ကောင်မလေးတစ်ယောက်
အနားမှာ မလိုအပ်တော့ပါဘူး။
စကားလုံးတွေနဲ့ သီကုံးကြိုဆိုပြီး ဆည်းဆာနဲ့ရောင်ခြည်ကို
ဝင်သက်ထွက်သက်အဖြစ်နဲ့ တ၀ကြီးရှူပစ်လိုက်ချင်ရဲ့။

မင်းနွေဦး

3 comments:

  1. ရှုပစ်လိုက်ညီလေး..
    ဒါပေမဲ့ အောက်စီဂျင်ဖြစ်ဖို့တော့ လိုတယ်နော်..:)

    ReplyDelete
  2. ပျောက်ဆုံးနေတာတွေက ပျောက်ဆုံးဆဲပါပဲ

    နတ်သမီး

    ReplyDelete
  3. ဟုတ်ကဲ့ အောက်စီဂျင်ပဲရှုပါရစေဗျာ...:P
    ပျောက်ဆုံးနေတာတွေက ပျောက်ဆုံးဆဲပါပဲ...မှန်လိုက်တဲ့စကား...:P

    ReplyDelete