Thursday, July 21, 2011

ကဗျာမမှီ

စိမ်းမြနဒီ ငါ့နှလုံးသား
မင်းရနံ့နဲ့ မင်းအပါးမှာ
ပွင့်လန်းပါရစေ။

နိယာမတွေ ရှင်းထုတ်
သဘာဝနဲ့ မင်းရင်ထဲမှာ
ပန်းစိုက် ဥယျာဉ်မှူးဖြစ်ပါရစေ။

ဘ၀တစ်ဆစ်ချိုးမှာ
အလှသစ်တိုးအောင်
မင်းမျက်နှာလေးကို နှလုံးသား
အိပ်ဆောင်ထဲထည့် နုပျိုဆေးအဖြစ်
ထာဝရချိတ်ဆွဲ ပါရစေ။

ကဲ...ကြာပါတယ်ကွာ
အဖြူရောင်ကိုခေါက်ထား
တာအထွက်မှာ လီဘာခပ်ပါးပါးပုတ်ရင်း
နေကာမျက်မှန်ကိုယ်စီတပ်
ကြည်လင်ရောင်ပေါ်
သုညတစ်လုံးစီကိုင်ရင်း
၁၅ ဂဏန်းရေးဆွဲကြရအောင်။

3 comments:

  1. သုညတစ်လုံးစီကိုင်ရင်း
    ၁၅ ဂဏန်းရေးဆွဲကြရအောင်။

    ချဲ၈ဏန်းများ..ပေးနေသလားဟင်..

း).............

    အားပေးသွားပါတယ်..
    မဒမ်ကိုး

    ReplyDelete
  2. သုံညတစ်လုံးစီကိုင်ပြီးးးး ၁၅ဂဏန်းရေးမယ်ဆိုတော့ .. မိုက်အိ :)

    ReplyDelete
  3. ဟားဟား ချဲဂဏန်းပေးရအောင် ဘိုးတော်မှမဟုတ်တာဗျ...ဆရာမကတော့လုပ်ပြီ..
    ကွန်မက်လေးတွေ ချိတ်ပေးတဲ့အတွက် ၂ ယောက်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်...

    ReplyDelete