Friday, July 1, 2011

ချို့ယွင်းချက်

ရောင်စုံတွေတွဲလွဲ ကျနေတဲ့ညကို
မျက်ဝန်းထဲထည့်ပြီး ခြုံငုံကြည့်ပါတယ်
အစဉ်လာကို ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့
မဲမှောင်ခြင်းတွေပဲ မိုးချုပ်ပြတယ်။

နွေးထွေးတဲ့မျှော်လင့်ချက်တွေကို
သူမရဲ့ ဖိနပ်တစ်ဖက်ထဲထည့်ပြီး
လွတ်လပ်စွာ စိတ်ကူးယဉ်ကြည့်ဖူးပါတယ်
ဘေးကြပ်နံကြပ် ပူလောင်ခြင်းတွေပဲကြွင်းတယ်။

သင်းပျံ့တယ်လို့ ခံယူထားတဲ့ ရနံ့တွေကို
ရင်ဘတ်ထဲထည့်ပြီး ဖူးငုံဖို့ ကြိုးစားကြည့်ပါတယ်
သူဌေးတစ်ယောက်ရဲ့ လက်ကမ်းနဲ့
မိစိမ်းကား အညော်ဓါတ်တွေပဲ ပေးကမ်းစွန့်ကျဲတယ်။

အဲ့မျက်ဝန်းစိုစိုလေးတွေကို
အလှဆုံးပန်းချီကားအဖြစ် စာရွက်ပေါ်ချရေးပုံဖော်ကြည့်တယ်
မျက်ကန်းတစ်ယောက်ရဲ့ ရင်ခုန်သံနဲ့
ငါ့စာရွက်တွေပေါ်ဖြတ်လျှောက်သွားတယ်။

ဖန်တီးပေးမျှ
စွံအ နားမကြား အရသာမခံတတ်တဲ့ ကာရိုက်တာတွေနဲ့
တုံ့ပြန်ခံရဖန်များတော့ အချစ်နဲ့ ငါ့နှလုံးသားကြားမှာ
စွံအတဲ့ အငြင်းပွားမှုတွေများလာတယ်။

ကြာလာတော့ ငါ့နှလုံးသား
ရိုးရိုးလေးနဲ့ အဓိပ္ပာယ်တွေမဲ့လာတယ်။

နောက်တော့....
အဆိပ်ကို အဆိပ်နဲ့ဖြေသလို
ငါ့နှလုံးသားကို ကြေကွဲမှုနဲ့သာ
အထီးကျန်ပစ်လိုက်တော့တယ်.

ဒါမှမဟုတ်ရင်သူက အနေထိုင်မတတ်တဲ့
ကြေကွဲသူဖြစ်သွားလိမ့်မယ်........။

4 comments:

  1. ကြာလာတော့ ငါ့နှလုံးသား
    ရိုးရိုးလေးနဲ့ အဓိပ္ပာယ်တွေမဲ့လာတယ်။

    ဒါမှမဟုတ်ရင်သူက အနေထိုင်မတတ်တဲ့
    ကြေကွဲသူဖြစ်သွားလိမ့်မယ့်........။

    ဒီစကားစုလေးကိုကြိက်မိပါတယ်
    ခင်မင်လျှက်
    ချစ်ခြင်းအလကာင်္

    ReplyDelete
  2. ဟုတ်ကဲ့ပါ....
    ခုလို comment ပေးတဲ့အတွက်ရော
    ခင်မင်တဲ့အတွက်ရော....
    ချစ်ခြင်းအလကာင်္ဆိုတဲ့ ခေါင်းစဉ်ပိုင်ရှင်လေးကို
    ကျေးဇူးတင်ပါတယ်ခင်ဗျာ...

    ReplyDelete
  3. လာရောက်ခံစားသွားပါတယ်ရှင်..

    မဒမ်ကိုး

    ReplyDelete
  4. ဟုတ်ကဲ့ အခုလို လာရောက်
    ခံစားပေးသွားတဲ့ အတွက်ရော
    ကွန်မတ်လေးပါ ချိတ်ပေးသွားတဲ့အတွက်ရော
    ကျေးဇူးတင်ပါတယ်ခင်ဗျာ...

    ReplyDelete