Thursday, May 26, 2011

အဖြည့်ခံ

ငါ့ကို နင်သောက်နေကျ
ကျစိမ့်တစ်ခွက်လို သဘောထားပါ
နင်ခံတွင်းချဉ်လာတဲ့ အခါကျမှ
ငါ့ကိုလွမ်းပါ.....။

လျှပ်စစ်မီးရောင်တွေအောက်မှာ
သဘာဝကို ဆန့်ကျင်ပြီး စည်းဇိမ်ခံယူပါ
မီးပျက်တဲ့ ညမျိုးမှာမှ
လပြည့်ညကို သတိရပါ။

ပေတရာလမ်းပေါ် ဘီးလှိမ့်ပြီး
သီချင်းသံစဉ်တွေကို အပြည့်ဝခံစားပါ
ကျောက်စရစ်လမ်းပေါ် ခြေချတဲ့အခါကျမှ
ခုံဖိနပ်စုတ်တစ်ရံရဲ့ မာကျောမှုကို လေးစားပါ။

အသပြာတွေနဲ့ လောင်းကစားလုပ်ယူရတဲ့
ရယ်မောခြင်းတွေကို ချိတ်ဆွဲထားပါ
အခက်ခဲတောင်းကုန်းပေါ် တတ်ရတဲ့အခါကျမှ
လက်တွဲခေါ်ခံရတဲ့ ပီတိကိုမှတ်မိပါ။

သိပ္ပံတွေရဲ့ အအေးဓါတ်ကို ခိုလှုံပါ
ကန္တာရထဲရောက်တဲ့ အခါကျမှ
မိုးအေးအေးမှာ သောက်ရတဲ့
ကော်ဖီတစ်ခွက်ကို တောင့်တပါ။

ငါ့အတွက်တော့....
သုဘရာဇာရဲ့ ပေါက်တူးအောက်ရောက်မှ
မင်းကိုလွမ်းဖို့၊ ဖြည့်ဆည်းပေးဖို့ကို
အဆုံးသတ်ရလိမ့်မယ်....။

4 comments:

  1. သုဘရာဇာရဲ့ ပေါက်တူးအောက်ရောက်မှ
    မင်းကိုလွမ်းဖို့၊ ဖြည့်ဆည်းပေးဖို့ကို
    အဆုံးသတ်ရလိမ့်မယ်....။
    တဲ့လား.. အစွန်းရောက် အချစ်ပေါ့နော်..။
    (ဘဝကူး မကောင်းမှာတော့ သေချာနေပြီ :D)

    ReplyDelete
  2. အော် ဘ၀ကဘယ်ကို ကူးပြောင်းဦးမှာလဲကွယ်
    ဘာပဲပြောပြော comment ပေးလို့ကျေးဇူးပါ

    ReplyDelete
  3. ငါ့အတွက်တော့....
    သုဘရာဇာရဲ့ ပေါက်တူးအောက်ရောက်မှ
    မင်းကိုလွမ်းဖို့၊ ဖြည့်ဆည်းပေးဖို့ကို
    အဆုံးသတ်ရလိမ့်မယ်....။

    အင်းး.....
    ပြောရရင်လား
    အားပေးသွားပါတယ်.....
    ခင်တဲ့
    ချစ်ခြင်းအလင်္ကာ

    ReplyDelete
  4. ဟုတ်ကဲ့ပါ
    ခင်တဲ့ ချစ်ခြင်းအလကာင်္ကို မင်းနွေဦးကလည်း
    ခင်ပါတယ်ခင်ဗျာ...အားပေးသွားတဲ့အတွက် ကျေးဇူးပါ...။

    ReplyDelete