ယောင်ရမ်းနာ ဝေဒနာတွေ
လေတိုက်တိုင်း ဝေဒနာပြတင်းက ၀င်လာကြ
ခုငါရေးနေတဲ့ ကဗျာက
အသဲတစ်ခြမ်းနဲ့ ဧရိယာပြင်ပက။
မှားယွင်းစွာ မီးခြစ်ကိုကိုင်ကြည့်ဖူးတယ်
ပြာကျသွားမှ ငါ့လက်ဟာ သံသယဖြစ်စရာ
အကောင်းဆုံးကြေးစားဆိုတာ ငါသိလိုက်ရတယ်။
အိမ်မက်တွေ သေကြေတဲ့ည
တစ် ဆိုတဲ့အဖြစ်အောက်မှာ ကြွေတာညတိုင်း
ငါ့ရှိုက်သံလက်သီးချက်တွေလည်း
ခေါင်းအုံးပေါ်မှာ အပြိုင်းပြိုင်း။
လမ်းမှားပေါ်ကတို့လက်တွေ
အရှိန်မကောင်းခင် ဖြုတ်ပစ်လိုက်ပါ
ဒီထက်ပို အကျမနာရအောင်ပါ
ရဲရင့်ခြင်းကြောင့်ရတဲ့ ဒဏ်ရာ အချိန်လိုပါတယ်။
စိတ်ရှိတိုင်းသာ ပစ်ပေါက်လိုက်ပါ
အဲ့စကားလုံးတွေနဲ့
ငါ့နှလုံးသားကိုတော့ မစော်ကားပါနဲ့
သူယုန်တစ်ကောင်လိုနေထိုင်ခဲ့တယ်။
ရက်စက်သူ
ယုတ်မာသူ
အကြင်နာမဲ့သူ
နာကျည်းတယ်
သေတဲ့ထိမကြေဘူး
အကုန်လုံး အကုန်လုံး ပြောပစ်လိုက်ပါ။
အို..............
ငါဘာမှကိုဆက်မရေးတတ်တော့ဘူး
ငါ့စကားလုံးတွေစွံအကုန်ပြီ
ငါ့ကို............
မုန်း ပစ် လိုက် ပါ တော့ .......
No comments:
Post a Comment