Thursday, March 17, 2011

စိတ်ကူးလို့ပဲပြောပါတော့

နောက်ကျောပေးမှန်တစ်ချက်ကို
တနေ့အတည့် ပြန်မြင်နိုးစိတ်ကူးတွေ
အများကြီး အများကြီးထဲက
စိတ်ကူးလေးတစ်ခုကို ထုတ်ဖြည်အကြည့်

လောကကြီးမှာ စိတ်ကူးဂွမ်းတိမ်တွေ ချိတ်ဆွဲ
စိတ်ကူး စမ်းချောင်းတွေနဲ့
စိတ်ကူး တောအုပ်ကလေးတွေ
စိတ်ကူး အိမ်ပုံစံတွေ
စိတ်ကူး မော်တော်ယဉ်တွေ
စိတ်ကူး ကော်ဖီတွေ
စိတ်ကူး လူသားက
စိတ်ကူး ဘောပင်ကိုင်ပြီး
စိတ်ကူးယဉ်ကဗျာတွေရေးလို့

တကယ်တော့လောကကြီးက
စိတ်ကူးယဉ်ဆန်ဆန် ပုံရိပ်တွေချည်းပဲ

ကိုယ့်စိတ်ကူးအထုပ်ကလေးကို ပြန်ချည်
ကိုယ့်ရင်ဘတ်ကိုပြန်ငုံ့အကြည့်
“ ဒီနှလုံးသားကလဲ စိတ်ကူးယဉ်ဆန်သတ်သတ်ပဲလား ”

ကိုယ့်ဟာကို တီးတိုးရွတ်ဆိုမိပါတယ်
မဆီမဆိုင် ဦးနှောက်ဆိုတဲ့ကောင်က ၀င်ထောက်တယ်
“ မှားတယ် ” တဲ့......

“ မင်းစိတ်ကူးယဉ်ဆန်မှုက ငါ့ကြောင့် ” တဲ့
“ ငါမရှိရင် မင်းစိတ်ကူးမှာ မဟုတ်ဘူး ” တဲ့

နှလုံးသားကပြောတယ် .....
“ ဒါဆို အချစ်မှာ စိတ်ကူးယဉ်တာကကော
  အကုန်မင်းကြောင့်လား ” တဲ့

ဦးနှောက်ကပြန်ပြောတယ် .....
“ ဒါတော့မင်းကော ငါကောနဲ့ဆိုင်တယ် ” တဲ့
“ မင်းစိတ်ကူးယဉ်ချင်တာကို ငါကပုံဖော်ပေးရတယ် ” တဲ့

သူကပဲဆက်ပြောတယ် ....
“ ဟုတ်တယ် ဥပမာ
  မင်းကောင်မလေးတစ်ယောက်ကို
  ချစ်တဲ့အခါ သူနဲ့နီးစပ်အောင် ငါဦးနှောက်က
  စဉ်းစားပေးရတယ်
  သူနဲ့ဝေးချင်တဲံအခါမှာလဲ ငါကပဲအလုပ်လုပ်ပေးရတယ်
  ကြံစည်ပေးရတယ် ” တဲ့

အော်....ဒီလိုကိုး......
ဒါဆို အချစ်ဆိုတဲ့ နဲ့ ချစ်  က
ဦးနှောက် နဲ့ နှလုံးသားပေါ့ ......

အဲ့လိုနဲ့ ဦးနှောက်နဲ့ နှလုံးသား နေ့စဉ်
စကားများလိုက် ရန်ဖြစ်လိုက် ဆွေးနွေးလိုက်ပဲ

ခုလည်း ....
“ အင်းဒါဆိုရင် အဲ့အချစ်ဆိုတဲ့ အရာဖြစ်လာဖို့နဲ့
  အဲ့အချစ်ကို လုပ်ဆောင်တဲ့အခါ
  ဦးနှောက်နဲ့ နှလုံးသား ဘယ်ဟာကပိုလုပ်ဆာင်မှုများလဲ ”

တစ်ကောင်နဲ့ တစ်ကောင်ဆွေးနွေးတဲ့အခါ အဖြေမထွက်ဘူး
ဒါနဲ့ပဲ သူတို့ ခန္ဓာကိုယ်ကြီးဆီကို သွားမေးကျတယ်
ခန္ဓာကိုယ်ကြီးလဲ အဖြေရှာမရဘူး
သူ့ပါသာသူပဲ စကားတစ်ခွန်းဆိုတယ်....

“ တကယ်ဆို ခန္ဓာကိုယ်တွေ တော်တော်များများက
  အချစ်နဲ့ပတ်သတ်ရင် ဘာမှလဲတူတာလဲမဟုတ်တဲ့
  အသဲပုံတွေချည်း ဆွဲမနေသင့်ဘူး
  ဦးနှောက်ပုံပါ ရောဆွဲသင့်တယ် ”

နောက်ပြီး သူ့ပါသာသူပဲ စိတ်ထဲက ရွတ်တယ်.....
“ တနေ့တော့ငါ ဒီစိတ်ကူး ခန္ဓာကိုယ်ကြီးရဲ့
   အပြင်ဘက်မှာ အိပ်ရမယ် ” .......။  ။

                             

No comments:

Post a Comment