Thursday, March 17, 2011

ရင်ပြည့်ခြင်း

ပလပ် ပလပ် ပလပ်
သံယောဇဉ် ထမင်းပန်းကန်ကို
အားရပါးရ စားပစ်လိုက်တယ်
အော် ... ဘေးကဖလားခွက်ထဲက
ကောင်က ငါ့ကို သနားကမားကြည့်လို့

မပူနဲ့ ငါ့ကောင်
ငါမင်းကိုမော့ပဲမော့မှာ သိလား
ပလုပ်ပလောင်းမစားပါဘူးကွာ

မကြောက်ပါနဲ့ကွာ
မင်းဖြည့်ထားတဲ့ရေထဲက
လ၀န်း ပျောက်သွားမှာကို

နောက်ထပ်ရေထပ်ဖြည့်ရင်
အဲ့ လ၀န်းကထပ်ပေါ်လာမှာပဲ
မင်းလဲ ငါ့လိုပါပဲ တကယ့်လ၀န်းမှ
မပိုင်ဆိုင်တာပဲ .....


အင်း......
ငါစားသုံးနေတာ
မောင်ချောနွယ်ရဲ့ ပန်းကန်ထဲက
အမှန်တရားတွေမှ မဟုတ်ပဲ
ငါ့အမှန်တရား ငါစားသုံးနေတာ

အရံဟင်းတွေထပ်မှာဖို့
ငါ့လျှာပေါ်မှာ အရသာခံဓါတ်တွေ
ထည့်မယူလာခဲ့ဘူး
အဖြူထည်ထမင်းနဲ့ရေ
သံယောဇဉ်နဲ့ အလွမ်း

တော်ပြီ
ဒီလောက်နဲ့တင် ရင်ပြည့်နေပြီ
ရင်တွင်းဖြစ် လျက်ဆားလေးများရှိရင်
တစ်လျက်စာလောက် .......

2 comments:

  1. ရင်ပြည့်လာရင် လက်ထိုးပြီးကဗျာအဖြစ်အန်ချလိုက်ကွာ .. :D
    ကိုမင်းနွေဦးကဗျာတွေဟာ
    တစ်ပုဒ်နဲ့တစ်ပုဒ်ဆွဲဆောင်ပုံခြင်းမတူဘူးး .. :)

    ReplyDelete
  2. ခုလိုကွန်လေးတွေလာလာချိတ်ပေးတဲ့
    နတ်သမီးကို ကျေးဇူးအများကြီးတင်ပါ၏...:-)

    ReplyDelete