Wednesday, February 23, 2011

လွင်ပြင်ဟောင်း

သတိရခြင်းတွေ
နာကျင်ခြင်းတွေ
အဆွေးမြေ့တွေ
အိပ်ကပ်ထဲထည့်
ပြည့်လျှံလာချိန်ထိအောင်
မျှော်လင့်ချက်တစ်စက်တောင်
မဖိတ်စင်ခဲ့ပါလား .....
အိမ်မက်တွေဝေးရလောက်အောင်
စုတ်ပြက်သတ်နေတဲ့ လွင်ပြင်ထဲ
အမှိုက်တစ်စကိုမှ
တောင့်တမိလေခြင်းလား
အလွမ်းတွေကိုပိုက်လို့
လွင်ပြင်ထဲခုန်ဆင်းလိုက်တာ
နှုတ်မဆက်ပဲထွက်သွားတဲ့
အမှိုက်ကလေးရေ
ပန်းတွေပွင့်ရအောင်
လွင်ပြင်ထဲခဏလောက်
ပြန်လာပေးနိုင်မလား .......

1 comment:

  1. လွင်ပြင်ထဲကအမှိုက်မဟုတ်ဘဲ သစ်ပင်ဆိုရင် ပိုမလှဘူးလားးး :)

    ReplyDelete